လှိုင်းဘွဲ ဩဂုတ် ၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် သံဃာတော်များ၊ အသက်(၆၅) နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ထိုးနှံပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြိုင်ကြီးငူတိုက်နယ်ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာထိုးနှံကြသူများအား ကိုယ်ပူခြင်း/ ချောင်းဆိုးခြင်း၊ တစ်ပတ်အတွင်း ဖျားနာခြင်း၊ အမောဖောက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွား(၁၂၃၃)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၃၈)ဦး၊ Volunteer/ ပရဟိတ(၇၂၉)ဦး၊ဘုန်းကြီး/သီလရှင်/ ဘာသာရေး ကျောင်း (၂၇၃)ဦး၊နိုင်ငံ့ဝန်ထမ်း(၉၉၀)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၄)ဦး၊ အလုပ်ရုံဝန်ထမ်း(၁၉)ဦး၊ ပို့ဆောင်ရေး လုပ်ငန်း(၃၁)ဦးနှင့် ဈေးသည်(၈၂၃)ဦး စုစုပေါင်း(၄၁၄၀)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)