မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ်ထိုးနှံခြင်းကို ဒုတိယနေ့ ဆက်လက်ထိုးနှံပေး

မိုင်းယောင်း ဩဂုတ် ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ်ကို ဆေးထိုးရန်ကျန်ရှိသည့် အသက်(၆၅) နှစ်အထက် ဘိုးဘွားများနှင့် ဦးစားပေးတွင်ပါရှိသူများအား ထိုးနှံပေးလျက်ရှိရာ ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းအချိန်ခန့်က မြို့နယ်မိုးလုံလေလုံအားကစားရုံစုရပ်၌ ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယနေ့ ဆက်လက်ထိုးနှံပေး နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးပွားမောင်တို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

 

မိုင်းယောင်းမြို့နယ်အတွက် ဒုတိယအသုတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံးရေ (၃၂၂)လုံး ရရှိပြီး ကာကွယ်ဆေးတစ်လုံးကို လူနှစ်ဦးနှုန်းဖြင့် မြို့နယ်အတွင်းမ ှဆေးထိုးရန်ကျန်ရှိသည့် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ပထမဦးစားပေးအဖြစ် ထိုးနှံပေးခဲ့ပြီး ဦးစားပေးအလိုက် Volunteer/ ပရဟိတအဖွဲ့၊ ဘုန်းကြီးကျောင်း/ သီလရှင်ကျောင်း/ ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းနှင့် Super Market/ဈေးများမှ ပြည်သူ စုစုပေါင်းလူဦးရေ (၆၄၄)ဦးကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကာကွယ်ဆေးထိုးလုပ်ငန်းများ၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးစာရေးများနှင့် မျိုးဆက်သစ်ရောင်နီပရဟိတ လူမှုကူညီရေးအသင်းဝင်တို့က ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အားချာ