မိုင်းဆတ် ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံရန် ကျန်ရှိသူ (၁၇၆၂)ဦးအား ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြည်သူ့ဆေးရုံ တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဦးစားပေးအနေဖြင့် အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေ အထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။
ဆက်လက်၍ ဩဂုတ်လ(၉)ရက်နေ့နံနက်(၉)နာရီတွင် ဦးစားပေးအုပ်စုအဖြစ် အသက်(၆၅)နှစ် အထက်ရှိ ဘိုးဘွားများ၊ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းဝန်ထမ်းများ၊ ယာဉ်လိုင်းများမှ ဒေသခံပြည်သူများ ကိုထိုးနှံပေး သွားမည်ဖြစ်ပြီး နောက်ရက်များတွင်ကျန်ရှိသူများအား ဦးစားပေးအလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်သည်။ မိုင်းဆတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)တတိယအကြိမ်ထိုးနှံပေးရ မည့်သူ (၃၇၇၈)ဦး ရှိသည့်အနက် ဇူလိုင်လ(၃၁)ရက်နေ့မှဩဂုတ်(၅)ရက်နေ့အထိ (၂၀၁၆)ဦးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ မြင့်မောင်(မိုင်းဆတ်)