ထားဝယ်မြို့ ကိုဗစ်စင်တာများအတွက် PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း

ထားဝယ်  ဩဂုတ်   ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် ပိုးတွေ့လူနာကုသရေးစင်တာတွင် PPEဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုနောက်တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒေသကြီးကြပ်ရေးမှူး ဦးရန်လင်းအောင်နှင့် ဝန်ထမ်းများက PPE ဝတ်စုံ(၁၀)စုံ၊ ဓာတ်ဆား(၂)ပါကင်၊ ကြက်ဥ(၅၀၀)လုံး၊ ရေသန့်ဗူးအလတ်(၈၁၆)လုံးနှင့် လိုအပ်သောဆေးဝါး များကို လူဦးရေ(၁၀၅)ဦးအတွက် ထောက်ပံ့လှူဒါန်းရာ ကွန်ပျူတာတက္ကသိုလ်ပိုးတွေ့လူနာကုသရေး Centre တာဝန်ခံ ဦးကျော်မျိုးဆက် က လက်ခံယူပြီးကျေးဇူးတင်ပြန်လည် ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါခံစားနေရသော ပိုးတွေ့လူနာများအတွက်လိုအပ်သော ဆေးဝါးများ၊ အာဟာရဖြည့် အစားအစာများရေသန့်၊ အသုံးအဆောင်များနှင့် စေတနာ့ဝန်ထမ်းများအတွက် ကာကွယ် ရေးဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးသွားဖြစ်တယ်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်များမှာလည်း ထောက်ပံ့လှူဒါန်းပေးသွားမှာ ဖြစ်တယ် ဟု တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒေသကြီးကြပ်ရေးမှူး ဦးရန်လင်းအောင် ထံ သိရသည်။