ကလိန်အောင် ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် ကျန်ရှိသူများကို ဦးစာပေးအဆင့်အလိုက်ကာကွယ်ဆေး(ဒုတိယ)နေ့ ဆက်လက် ထိုးနှံ ပေးခြင်းကို ယမန်နေ့၊ နံနက်(၉) နာရီအချိန်က အ-ထ-က-ရာဖူးကျောင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကိုရေဖြူမြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများကအသက် ၆၅ နှစ် နှင့်အထက် (၆၉)ဦး၊ အစိုးရ/ ပုဂ္ဂိက ကျန်းမာရေးဝန်ထမ်း(၁)ဦး ၊ Volunteer ပရဟိတ(၁၃၁)ဦး ၊ သံဃာတော်များ၊ သီလရှင်များ(၆)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ (၅)ဦး၊နိုင်ငံ့ဝန်ထမ်း(၈)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း(၃၂)ဦး၊ Super Market/ဈေး(၁၄၈)ဦးစုစုပေါင်း(၄၀၀)ဦးကိုကိုဗစ်-၁၉ရောဂါကာကွယ် ဆေး (Sinopharm) စနစ်တကျထိုးနှံပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနေမှုကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်နှင့် အဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များမှတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်း အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက လိုအပ်သည်များကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ကလိန်အောင်