နမ့်စန်(တ) အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပထမပွဲစဉ်ကို မြို့နယ်ကျောက်တိုင် အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
ညနေ ၃ နာရီချိန်တွင် ဆီမီးဖိုင်နယ်ပထမပွဲစဉ်အဖြစ် အမှတ်(၅)ရပ်ကွက် ဘောလုံးအသင်းနှင့် အမှတ်(၄)ရပ်ကွက်(က) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အမှတ်(၅)ရပ်ကွက်ဘောလုံး အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးအောင်ကိုကို ထံမှသိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)