လွိုင်လင် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၅ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါ ရုံးသင်တန်းခန်းမတွင် ကျင်းပပါသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်မှ သင်တန်းဖွင့် အမှာစကားပြောကြားပြီးနောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ကာ သင်တန်းဖွင့်ပွဲကို ရုတ်သိမ်းလိုက်သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)သို့ သင်တန်းသား(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှစ၍ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။
လွိုင်လင်မိုး