ချမ်းအေးသာစံမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ အောက်တိုဘာ ၁၃

ပြည်ထဲရေးဝန်ကြီးဌာန၊ ချမ်းအေးသာစံမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သည့် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အောင်နန်း ရိပ်သာအရှေ့ရပ်ကွက်ရှိ ယူနန်တရုတ်ဘုံကျောင်း၊ ခန်းမ(၂)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး အေးလင်းထွန်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါအရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းကာလမှာ (၁၃-၁၀-၂၀၂၅)မှ(၇-၁၁-၂၀၂၅)အထိ စနစ်တကျ ကြိုး‌စားလေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည်။

 သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မဟာအောင်မြေခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မှူး ဦးကျော်ကိုကို၊ မဟာအောင်မြေခရိုင် မြို့နယ်မီးသတ်ဦးစီးမှူးများ၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအေးလင်းထွန်းနှင့်ကော်မတီဝင်များ၊ ချမ်းအေးသာစံ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်နိုင်စိုး၊ မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်ထက်ကျော်နှင့် ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှ နည်းပြ အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ချမ်းမြေ့မောင်