ပြည်ကြီးတံခွန် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်နှင့် (ဆ)ရပ်ကွက်တို့တွင် အောက်တိုဘာ ၁၂ ရက်နေ့ယမန်နေ့ နံနက်ပိုင်းကစတင်၍ အသက်(၁၈)နှစ်နှင့်အထက် မဲဆန္ဒရှင် လူဦးရေစာရင်းများအား မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည်။
အဆို မြေပြင်ကွင်းဆင်းကောက်ယူရာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲတို့မှ စိစစ်ထားသော (၃၀.၉.၂၀၂၅)ရက်နေ့တွင် ကြေညာထားသည့် အသက်(၁၈)နှစ်အထက် မဲဆန္ဒရှင်လူဦးရေစာရင်းအား မြေပြင်ကွင်းဆင်း ကောက်ယူရေးကော်မတီ ကြီးကြပ်မှုဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက် ထွေအုပ်၊ လဝကနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှုအား ပြည်ကြီးတံခွန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း နှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်
ခရိုင်(ပြန်/ဆက်)