ကွန်ဟိန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ်

ကွန်ဟိန်း  အောက်တိုဘာ ၁၄

အရည်အချင်းပြည့်ဝသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ၁/၂၀၂၅ ဖွင့်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းသိန်းက သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော်က သင်တန်းဖွင့်လှစ်မည့် အစီအစဥ်များအား ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)  သင်တန်းတက်ရောက်မည့် တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံပေးအပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ကွန်ဟိန်းမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးအား အောက်တိုဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်)