Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲ(ဆဌမနေ့)ဆက်လက်ကျင်းပ
Nov 03,2025
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်ဖြစ်သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်နေ့လွှတ်အရုပ်များ လွှတ်တင်ယှဉ်ပြိုင်ခြင်း(ဆဌမနေ့) အဖြစ် နိုဝင်ဘာ၂ ရက်နေ့က အဝေရာ ကုန်းသာယာကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအားလေ့လာ
Nov 03,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်က တပ်မတော် လေယာဉ်ဖြင့် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦး၊ ညောင်ဦးခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးသော်ထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်းစိုး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ကျောင်းသား/သူများမှ ပုဂံခေတ်ဝတ်စုံဖြင့် ကြိုဆိုခဲ့ကြပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မော်တော်ယာဉ်ဖြင့် လေဆိပ်မှထွက်ခွာလာရာ Aureum Palace Hotel သို့ရောက်ရှိခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ
Nov 03,2025
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ဘားအံမြို့ အမှတ်(၄)ရပ်ကွက် သီရီလမ်းရှိ သီရိကွင်းမုခ်ဦးအရှေ့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သေနတ်ပစ်ဖောက်၍ စက်ဘီးစီး ပြိုင်ပွဲအား တာလွှတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ လက်ျာရစ် (၃)ကြိမ် ဗုဒ္ဓမြတ်စွယ်တော်လှည့်လည် အပူဇော်ခံပွဲကျင်းပ
Nov 03,2025
ပြည်မြို့၌ သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကိုအောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၁၀ ရက်တိုင်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက စေတီတော်ရင်ပြင်၌ ဗုဒ္ဓမြတ်စွယ်တော်ကို ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည် အပူဇော်ခံပွဲကျင်းပရာ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ…
Nov 03,2025
၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာ၊ ဗိုလ်ချုပ်လမ်းဘေးရှိ တောင်သူ ဦးဝင်းကြည်၏ လယ်မြေတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့၊ ဝမ်ဟင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဌာနပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲကျင်းပ
Nov 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ်ဟင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲ ကျင်းပခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင…
Nov 03,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား ၂၀၂၅ ခုနှစ် တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ဌာနေတိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံ၊ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ (ရတနသိဒ္ဓိသာသနာ့ဗိမ္မာန်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23
Page
24
Page
25
Page
26
Current page
27
Page
28
Page
29
Page
30
Page
31
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department