ကဝ မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပြည်တွင်းအခွန်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာ အကြောင်းများကို အခွန်ထမ်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ မေလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကဝမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းက အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ခင်မာရီက ပြည်တွင်းအခွန်ဦးစီးဌာနက ထောက်ခံဆောင်ရွက်နေသော အခွန်များအကြောင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)