Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 15,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တို ဘာ ၁၄ ရက်နေ့ နံနက် (၉)နာရီက နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံး၊ RC (၃) ထပ် အဆောက်အဦအသစ် တက်ရောက်ဖွင့်လှစ်ပေး
Oct 15,2025
ရှမ်းပြည်နယ်၏ဘဏ္ဍာရန်ပုံငွေဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်ရ သုံးမှန်းခြေငွေစာရင်းဦးစီးဌာနကို ၂၀၁၀ ခုနှစ်မှစတင်၍ တောင်ကြီးမြို့ရှိ ရှမ်းပြည် နယ်အစိုးရအဖွဲ့ ရုံးဟောင်းတွင် ရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးသစ်တွင် ရုံးခန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံး၊ RC (၃) ထပ် အဆောက်အဦအသစ်ဖွင့်ပွဲကို တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံးသွားလမ်း၊ ကံကြီးရပ်ကွက်ရှိ အဆိုပါရုံးအဆောက်အဦရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ရွှေကျောင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာ ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရပ်စာစောင်ပြပွဲကျင်းပ
Oct 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ရွှေကျောင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 15,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာ (ထက်၊ လယ်၊ မူ)ကျောင်းများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဦးဆောင်၍ အောက်တိုဘာလ (၁၄) ရက်နေ့ နံနက်(၉)နာရီက ချောင်းဆုံ(အ-ထ-က) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် ပြိုင်ပွဲကျင်းပ
Oct 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့်စဉ်ဆက်မပြတ်လေ့လာသင်ယူစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 15,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဥ်ဆက်မပြတ်လေ့လာသင်ယူစေရေးအတွက်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် “ဝဥ”ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ
Oct 15,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်ဝါးပင်များထူထပ်များပြား၍ ရာသီအလိုက် သီးနှံဖြစ်သော နှစ်တို/နှစ်ရှည်သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး တစ်ချို့မှာ ရာသီလိုက်သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော သီးနှံများကို ရှာဖွေလုပ်ကိုင်စားသောက်လျက်ရှိရာ ယခုအချိန်တွင် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော “၀ဉ” များမှာ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း လူသုံးကုန်ထုတ်လုပ်မှုသင်တန်း၊ စက်မောင်းနှင်ထိန်သိမ်းမှုအခြေခံသင်တန်းတက်ရောက်၊ မိုးစပါးခင်း၊ ဥစားကြက်ခ…
Oct 15,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်း၊ ခရိုင်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ သုတရောင်ခြည် စာကြည့်တိုက်သို့ရောက်ရှိကာ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ထားရှိမှု၊ စာအုပ်စာစောင် ငှားရမ်းမှုများကြည့်ရှုအားပေး ခဲ့ပြီး၊ လူသုံးကုန်ထုတ်လုပ်မှု(ဆပ်ပြာဆီ) သင်တန်းဖွင့်ပွဲတွင် သင်တန်းသားအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် နည်းပညာရပ်များကို တတ်ကျွမ်းအောင် သင်ယူစေရေး၊ တတ်ကျွမ်းခဲ့သည့် ပညာရပ်များကို အသုံးပြုပြီး မိသားစုဝင်ငွေရရှိအောင် ဆောင်ရွက်ရေး ရှင်းလင်းပြောကြား ပြီးနောက် ဆပ်ပြာဆီထုတ်လုပ်မည့် ကုန်ကြမ်းများအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2594
Page
2595
Page
2596
Page
2597
Current page
2598
Page
2599
Page
2600
Page
2601
Page
2602
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department