မုဒုံ အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က (၃)ကျောင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူစေရေးအတွက်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် ၁၄၃ ဦး၊ သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် ၁၄၈ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉၁ ဦးသည် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်တာ ဖြေဆိုယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရာမည (ပြန်/ဆက်)