ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျောင်းကုန်း အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

Grade-5 သင်္ချာစွမ်းရည်မှာ ဖြေဆိုချိန်(၁)နာရီ၊ ဓမ္မဓိဋ္ဌာန်(၁)နာရီ စုစုပေါင်း(၂)နာရီ ကြာမြင့်မည်ဖြစ်ပြီး၊ Grade-6, Grade-7, Grade-8, Grade-9 သင်္ချာစွမ်းရည်တွင် ဖြေဆိုချိန် (၁း၃၀) နာရီ၊ ဓမ္မဓိဋ္ဌာန်(၁)နာရီ စုစုပေါင်း(၂း၃၀)နာရီ ကြာမြင့်မည်ဖြစ်သည်။ Grade-5/ 6/ 7/ 8/ 9 အင်္ဂလိပ်စာစွမ်းရည်မှာ ဖြေဆိုချိန်(၁)နာရီနှင့် ကျပန်း Grade-5 တွင် (၃)မိနစ်၊ Grade-6/ 7 တွင် (၄)မိနစ်၊ Grade-8/ 9 တွင် (၅)မိနစ်စီ ‌ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ သင်္ချာစွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသား/ ကျောင်းသူ (၁၅၆)ဦး ဝင်ရောက်ဖြေဆိုပြီး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသား/ ကျောင်းသူ (၈၉)ဦး ဝင်ရောက်ဖြေဆိုကြသည်။

ကျောင်းကုန်းမြို့နယ်တွင် အတန်းတစ်တန်းလျှင် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် အမှတ်အများဆုံး ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဦးကို စိစစ်ရွေးချယ်မည်ဖြစ်ပြီး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အမှတ်အများဆုံး ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၃)ဦး ရွေးချယ်၍ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထပ်မံယှဉ်ပြိုင်ကာ အမှတ်အများဆုံး ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဦးကို စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။

တိုင်း‌အဆင့်ပြိုင်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲများသို့ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)