ကျိုက်လတ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ် ဦးစီးမှူး ဦးထွန်းဆွေ ဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လို သူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ကညင်ချောင်းကျုံဖားကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေ၊ ဒု-လဝကမှူး ဦးမင်းလွင်ဦး၊ထ/ထ လဝကမှူးဦးပြည့်ဖြိုးပိုင်တို့က ပန်းခင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူများလွယ်ကူလျင်မြန်စွာဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျိုက်လတ်မြို့နယ် ကညင်ချောင်းကျုံဖားကျေးရွာအုပ်စုမှ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကပ်ပြား ကျား(၁၆)ဦး၊ မ(၂၄)ဦး ပေါင်း(၄၀)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား (၄၂)ဦး၊ မ(၄၅)ဦး ပေါင်း (၈၇)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၃၅)ဦး၊ မ(၃၀)ဦး၊ ပေါင်း(၆၅)ဦးနှင့် နိုင်ငံသား စိစစ်ရေးကပ်ပြား ပျောက်ဆုံး/ပျက်စီး မိထ္ထူထုတ်ပေးမှု ကျား (၄၁)ဦး၊ မ(၃၁)ဦး၊ ပေါင်း(၇၂)ဦးတို့အား ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ဌေးဌေးလှိုင်