Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ့်စန်မြို့ ဝမ်ပုံကျေးရွာတွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 10,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ ဝမ်ပုံကျေးရွာအုပ်စု ရှိ ဝမ်ပုံကျေးရွာအား ကျေးရွာမြေငှားဂရန်ရရှိရေးစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများပါဝင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ နေအိမ် များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာမှ ထွက်ရှိသော ဆေးပစ္စည်း အမှိုက်များအား ရှင်းလင်းသိမ်းဆည်း
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့၌ စုရပ်များ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ် ထားသော ဦးစားပေးအစီ အစဉ်အလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၉ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူ၁၉၃၄ ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏရေးနှစ် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း (၁၀၀)စီဖြင့် ကျေးရွာ(၄)ရွာတွင် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ Stay Home 4U Project အဖွဲ့က အခြေခံလူတန်းစားများအား စားနပ်ရိက္ခာ များထောက်ပံ့လှူဒါန်း
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် လက်လုပ် လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန် နေ့ ညနေပိုင်းက Stay Home 4U Project အဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအဖွဲ့မှ အောက်ဆီဂျင်များ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိ
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်မှ ကိုဗစ်လူနာများနှင့် အရေးပေါ်လူနာများ လတ်တစ်လော အောက်ဆီဂျင်လိုအပ်မှုများကို အစဥ်ပြေစေရန်အတွက် မြို့နယ် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီက ပြည်သူ့ဆေးရုံကြီးရှေ့တွင် အောက်ဆီဂျင်များ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ လက်ကမ်းစာစောင် များ ဖြန့်ဝေ
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသားများမကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသည့် နေရာများ ဖြစ်သော အထက(၁၆)ကျောင်း၊၊အမှတ်(၁၂)ရပ်ကွက်ဒေသန္တာရကျန်းမာရေးဆေးခန်းတို့တွင် ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များ အဖိုးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 10,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေစဉ် ကာလအတွင်းပြည်သူများ စားသောက်ရေး လွယ်ကူလျှင်မြန်စေရန် မြန်မာနိုင်ငံဆန်ကုန် သည်များအသင်းမှအခြား စားသောက်ကုန်များ ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရောင်းချပေးလျှက်ရှိရာ အခြေခံ စားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ဆီ၊ကြက်ဥစသည် များကို ယနေ့နံနက် (၈)နာရီအချိန်တွင် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်ရှိ မဏ္ဍိုင်လမ်းမကြီးနှင့် ရွှေစေတီလမ်းထောင့်တွင်လည်းကောင်း၊ ဇေယျာသီရိရပ်ကွက်ရှိ ပေ(၈၀) လမ်းမ ကြီး၊ ဓမ္မာရုံရှေ့တွင် လည်းကောင်း၊ ရွေ့လျားယာဉ်ဖြင့် အဖိုးနှုန်းသက်သာစွာ လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေရေးအတွက် အရှိန်အဟုန်မြင့် စစ်ဆေးဆောင် ရွက်ခြင်းများပြုလုပ်
Sep 10,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေ ရေးအတွက် အရှိန်အဟုန်မြင့် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25768
Page
25769
Page
25770
Page
25771
Current page
25772
Page
25773
Page
25774
Page
25775
Page
25776
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department