တောင်တွင်းကြီး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက် နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်(၁၀)နာရီက မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စီစီမိုးက ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးဆောင်ရွက် နေမှုအခြေအ နေများ ၊ လူကုန်ကူးမှုအန္တရာယ် ကင်း ဝေးစေရန်နှင့် ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အသိပညာပေးဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသူ မြို့နယ်ဥပဒေအရာရှိ ဦးနေဒွန်းသာ ကလူကုန်ကူးမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်နည်း လမ်းများ၊ လူကုန်ကူးမှုဖြစ်ပွားပါကအရေးယူ နိုင်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် ပြစ်မှုပြစ် ဒဏ်များ၊ နိုင်ငံတစ်ဝန်းလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူကုန်ကူးမှုတိုက် ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရန်အချက်များ ၊ အနာ ဂတ်မျိုး ဆက်သစ်လူငယ်မောင်မယ်များ လူကုန်ကူးခံရမှုမဖြစ်စေရေးအတွက် သတိပြုလိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်များ၊ လူကုန်ကူးမှုဖြစ်စေနိုင်သော အဓိကအကြောင်းအရင်းများကို အများ ပြည်သူ အသိပညာတိုးပွားစေရေးအတွက် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလပြည်သူများ အသိပညာဗဟုသုတတိုးပွား စေရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူး ပေါင်းပြီးအွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေး နွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ် ပေးလျက်ရှိသည့်အပြင် စာပေဝါသနာရှင်များနှင့် ကျောင်းနေအရွယ်ကလေးများစာပေစွမ်းရည် တိုးတက်မြင့်မားစေရေးအတွက် သုတ၊ ရသစာ အုပ်အညွှန်းမိတ်ဆက်ခြင်း၊ ကဗျာရွတ် အစီအ စဉ်၊ ပုံပြင်ပြောခြင်းအစီအစဉ်၊ မြန်မာဆိုရိုးစကားနှင့် မြန်မာစကားပုံ အကြောင်းအရာများကိုလည်း အပတ်စဉ်ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဦးနိုင်ဝင်း