ထန်းတပင် (ပဲခူး) စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးမှုများအား ပြည်သူများသိရှိနိုင်ရန်နှင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ယနေ့ နံနက်ပိုင်းက လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးလျက်ရှိရာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် သတ်မှတ်ရက်များအလိုက်ထိုးနှံပေးလျက်ရှိကြောင်းနှင့်၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက် လိုက်နာကြရန်၊ ၊မိမိတို့နေအိမ် အတွင်းမှာ သာနေထိုင်ပေးကြရန် ဧည့်သည်လက်ခံခြင်းမပြုရန်၊ မိမိတို့အနေဖြင့်လည်း တခြားအိမ်များသို့ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအပြင်ထွက်ချိန်တိုင်း Mask ကိုစနစ်တကျတပ်ဆင်ကြရန်၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူစုလူဝေးနှင့်ဈေးဝယ်ထွက်ခြင်းများရှောင်ကြဉ်ရန်၊ မိမိတွင် ကိုဗစ်−၁၉ ရောဂါ လက္ခဏာများ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကြရန်၊ အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ပြည်သူများသိရှိစေရန် အသိပညာပေး နှိုးဆော်ပြီးပြည်သူများက ပူးပေါင်းဆောင်ရွက်မှသာ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်း လာမည်ဖြစ်သည့် အတွက် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုက်တွန်းနှိုးဆော် ပေးခဲ့ကြောင်းသိရသည်။
သဇင်