ကောလင်း စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးမှုကို စက်တင်ဘာ ၃ရက်နေမှစတင်၍ ထိုးနှံပေးခဲ့ရာ ယမန်နေ့တွင် လူဦးရေ ၂၉၉၄ဦး အောင်မြင်စွာ ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
ကောလင်းမြို့နယ်တွင် စက်တင်ဘာ ၃ရက်နေ့မှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျောက်ပြင်သာ ကျန်းမာရေးဌာနခွဲတွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးခဲ့ရာ အမျိုးသား ၅၀၁ဦး၊ အမျိုးသမီး ၆၁၈ဦး စုစုပေါင်း ၁၁၁၉ဦး၊ စက်တင်ဘာ ၄ရက်နေ့တွင် အမျိုးသား ၃၂၈ဦး၊ အမျိုးသမီး ၃၂၇ဦး စုစုပေါင်း ၆၅၅ဦး၊ စက်တင်ဘာ ၅ရက်နေ့တွင် မြို့နယ် ပြည်သူ့ဆေးရုံး၌ အမျိုးသား ၂၁၃ဦး၊ အမျိုးသမီး ၂၇၂ဦး စုစုပေါင်း ၄၈၅ဦး၊ ကျောက်ပထိုးရွှေစက်ရုံတွင် အမျိုးသား ၁၅၅ဦး၊ အမျိုးသမီး ၁၃၆ဦး၊ စုစုပေါင်း ၂၉၁ဦး၊ မြောက်အင်းဘုန်းတော်ကြီးကျောင်းတွင် သံဃာတော် ၄၁ပါး၊ သီလရှင် ၁ပါး၊ စုစုပေါင်း ၄၂ပါး၊ စံတော်သာဘိုးဘွားရိပ်သာတွင် အဘိုး ၂ဦး၊ အဘွား ၁၂ဦး စုစုပေါင်း ၁၄ဦး၊ စက်တင်ဘာ ၆ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အမျိုးသား ၉၁ဦး၊ အမျိုးသမီး ၁၀၉ဦး စုစုပေါင်း ၂၀၀ဦး၊ စက်တင်ဘာ ၇ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အမျိုးသား ၃၇ဦး၊ အမျိုးသမီး ၆၃ဦး စုစုပေါင်း ၁၀၀ဦး၊စက်တင်ဘာ ၈ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အမျိုးသား ၃၄ဦး၊ အမျိုးသမီး ၃၆ဦး စုစုပေါင်း ၇၀ဦး၊စက်တင်ဘာ ၉ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အမျိုးသား ၇ဦး၊ အမျိုးသမီး ၁၃ဦး စုစုပေါင်း ၂၀ဦး စက်တင်ဘာ ၃ရက်နေ့မှ စက်တင်ဘာ ၉ရက်နေ့အထိ အမျိုးသား ၁၄၀၉ဦး၊ အမျိုးသမီး ၁၅၈၅ဦး စုစုပေါင်း လူဦးရေ ၂၉၉၄ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးမှု အောင်မြင်စွာပြီးစီးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။
မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးသတ်မှတ်ညွှန်ကြားချက်များအတိုင်း လူစုလူဝေးမဖြစ်စေရေး မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ပြီး ဆေးထိုးစုရပ်အသီးသီး၌ ကာကွယ်ဆေးထိုးရာတွင် ပါဝင်ဆောင်ရွက်ကြသော ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် ဝန်ထမ်းများက ကာကွယ်ဆေးထိုးလာသူများအား စစ်ဆေး၍ စာရင်းကောက်ခြင်း၊ ကျန်းမာရေးစစ်ဆေးကာ သွေးပေါင်ချိန်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ဆေးထိုးပြီးနားနေစေခြင်းတို့ကို တာဝန်ကိုယ်စီ သတ်မှတ်ပြီး ကာကွယ် ဆေးထိုးပေးခဲ့ကြကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)