အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်ရှိ နတ်ရေကန်ပန်းခြံသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းသီးနှံ ၁၂၈၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦစီးဌာနမှ သိရသည်။
Oct 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊ ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချ‌စေရန်အတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၁၃၈၉၆ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာချင်းဆက်တံတားအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူများက ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး ယမန်နေ့က ကွင်းဆင်းကြည့်ရှုတိုင်းတာခဲ့ကြောင်း သိရသည်။
Oct 14,2024
အမျိုးသမီးများအား တစ်ဖက်တစ်လမ်းမှဝင်ငွေတိုးပွားရရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ရပ်ရွာအခြေပြု ဘက်စုံသုံးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းသင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2024
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ (၁၆) ရက်မှ (၁၈) ရက်အထိ ၃ ရက်ကြာ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ကြေညာထားသည်။
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့မဈေးအတွင်း လိုက်လံစစ်ဆေးခဲ့ကြသည်။
Oct 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် (၅)ရပ်ကွက် ဓမ္မိကဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီက ၄၉ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။