မိုင်းရယ် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပါင်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (MCCT) ရည်ရွယ်ချက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ထိုသို့ပြုလုပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသဉ္ဇာဖြိုးက ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရာတွင် လိုအပ်သည့် အထောက်အထား၊ ထောက်ပံ့သည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ဥမ္မာလှိုင်က အမျိုးသမီးများ ကိုယ်ဝန်ဆောင်မိခင်တို့ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုအကြောင်းအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ကေခိုင်နှင်းက ကိုယ်ဝန်ဆာင်မိခင်များ မီးဖွားချိန် ပြင်ဆင်ရန် လိုအပ်ချက်အကြောင်းအရာများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိသဉ္စာဖြိုးက ကိုယ်ဝန်ဆောင်များ လက်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ခင်မာလာက ကိုယ်ဝန်ဆောင်မိခင်များ သတိပြုရှောင်ရှားရမည့် စားသောက်မှုပုံစံ တို့ကို လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောရာသို့ ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီး (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)