ဒေါပုံမြို့နယ် ဆရာအတတ်ပညာဦးစီးဌာနတွင် ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ ရန်ကုန်ဇုန်(၂) အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဒေါပုံ     အောက်တိုဘာ    ၁၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဆရာအတတ်ပညာဦးစီးဌာန၊ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ၊ ရန်ကုန်ဇုန်(၂)၊ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ဒေါပုံမြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲများတွင် နေရာအလိုက်အားကစားဆုများ ဖြစ်သည့် စပေးဘောအကောင်းဆုံးဆု၊ ပင့်ထောင်ဆု၊ ဆယ်မဆု၊ ပိတ်ဆို့ဆုနှင့် ရိုက်ခုတ်ဆုများနှင့် အကောင်းဆုံးအားကစားသမားဆုများကို မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီ ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် ထားဝယ်ပညာရေး ဒီဂရီကောလိပ်အသင်းကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် တောင်ငူပညာရေးဒီဂရီကောလိပ်အသင်းကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်းချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်အသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ပညာရေးဒီဂရီကောလိပ်အသင်းကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်းချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကင်းပညာရေး ဒီဂရီကောလိပ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ပညာရေး ဒီဂရီကောလိပ်အသင်းတို့ကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဒိုင်း၊ ဆုတံဆိပ်နှင့် ဆုငွေများကိုလည်းကောင်းချီးမြှင့်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် ဆုရဘော်လီဘောအသင်းများမှ အသင်းသား၊ အသင်းသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောက်မြန်မာပြည်ပညာရေး ဒီဂရီကောလိပ်ကျောင်း (၁၄) ကျောင်းမှ အမျိုးသမီးဘော်လီဘောအသင်း (၁၃)သင်းနှင့် အမျိုးသား ဘော်လီဘောအသင်း (၁၂) သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)