သန်လျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေလျှံမှု ဖြစ်ပွား

ရန်ကုန် အောက်တိုဘာ ၁၈

သန်လျင်ခရိုင်၊ သန်လျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့မတောင်ဖိုးမြေရပ်ကွက်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေလျှံမှုများဖြစ်ပွားခဲ့သည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မတောင်ဖိုး‌‌မြေလမ်း၌တစ်လျှောက် လမ်းဘေးဝဲယာနှစ်ဘက်ရှိ ဈေးဆိုင်ခန်းများ၊ ကွမ်းယာဆိုင်များ၊ လူနေအိမ်အချို့ ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီ ပျက်စီးဆုံးရှုံးမှုမရှိ‌ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)