ကျုံပျော် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ကျီးအိုင်ကျေးရွာအုပ်စု၊ လှေလုံးရိုးကျေးရွာ၊ ကွင်းအမှတ် 1026 C၊ ဦးပိုင် ၈၉/၅ တောင်သူ ဦးအောင်ဇော်၀င်း၏ အောင်နိုင်တိုး စပါးစိုက်ပျိုးသည့် လယ်ယာမြေ (၃)ဧက၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် မြေစာရင်းဦးစီးမှူး ဦးမင်းနောင်နှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ တောင်သူများ တက်ရောက်ကြပြီး၊ ဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုနှင့် ကွင်းကြီးစခန်းနယ်မြေအတွင်း ကွင်းအလိုက် မျိုးကွဲအလိုက် စိုက်ပျိုးမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တောင်သူ ဦးအောင်ဇော်ဝင်း၏ လယ်မြေအတွင်း စံကွက်ရိတ်သိမ်းခြင်းအား စုပေါင်းဆောင်ရွက်ကြရာ တစ်ဧကလျှင် စပါးအစိုထွက် (၁၁၅.၈၇)တင်း၊ အခြောက်အထွက် (၁၀၅.၄၄)တင်းထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)