မလှိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာခြင်းဆက်လမ်းပေါ်ရှိ ရေကျော်တံတား ရေတိုက်စား

မလှိုင် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ၊ ယာကြီးကုန်းကျေးရွာအုပ်စု ၊ လျှော်ကန်ကျေးရွာနှင့် ဂွေးညိုဝင်း ကျေးရွာ ဆက်သွယ်သည့် လမ်း‌ပေါ်ရှိ ရေကျော်တံတား ရှေ့ခြေဆင်းပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယမန်နေ့က ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ချောင်းရေ တိုက်စားမှုကြောင့် ယာကြီးကုန်းကျေးရွာအုပ်စုရှိ လျှော်ကန်ကျေးရွာနှင့် ဂွေးညိုဝင်း ကျေးရွာ ဆက်သွယ်သည့် မြေသား လမ်း‌ပေါ်ရှိ  ရေကျော်တံတား ရှေ့ခြေဆင်း အလျား(၃ဝ)ပေ ၊ အနံ(၆)ပေခန့် ပျက်စီးသွားကြောင်းသိရသည် ။ ပျက်စီးသွား သောနေရာ အား ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး သဲအိပ်(၂ဝဝ) ပေးအပ်ခဲ့ရာ ကျေးရွာနေ ပြည်သူများက စုပေါင်း ပြုပြင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရေကျော်တံတားကို မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂ဝ၁၈) ခု ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးခဲ့သော ရေကျော်တံတားဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)