ဒေးဒရဲမြို့နယ်တွင် ကျေးရွာစပါးခင်းများ၌ ငါးမျိုးစိုက် ထည့်ပွဲကျင်းပ

ဒေးဒရဲ  စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်အတွင်းငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ပေါများစေရန်၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေရေး၊ ဒေသနေပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးနှင့် ငါးစားသုံးမှုမြင့်မားစေရေး တို့ကိုရည်ရွယ်၍  ယနေ့နံနက် ၉ နာရီက ချောင်းဖျား ကျေးရွာအုပ်စု ၊ ခြောက်အိမ်စုကျေးရွာရှိစပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါငါးမျိုးစိုက်ထည့်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးသိန်းဟန်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပြီး ငါးခုံမကြီးကောင်ရေ (၁၂၅၀၀၀) ကို  ချောင်းဖျားကျေးရွာအုပ်စု၊ ခြောက်အိမ်စုကျေးရွာနေ ဦးထွန်းမြင့်အောင်အပါအဝင်တောင်သူ ၁၅ ဦးပိုင်၊ လယ်မြေဧက (၂၅၀) စပါးခင်း များအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)