တောင်ကြီး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် လူမှုဝန်ထမ်းဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသော နေရာဒေသများသို့ ကျန်းမာရေး ကာကွယ်ရေးသုံးပစ္စည်းများ စဉ်ဆက်မပြတ်ထောက်ပံ့ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူး ၊ မိဘမဲ့နှင့် မသန်စွမ်းဂေဟာအတွက် ကျန်းမာရေးသုံးပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ နှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ကျန်းမာရေးသုံး ပစ္စည်းများ၊ အခြေခံစား သောက်ကုန်များနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဂေဟာရှိ ကလေးသူငယ် (၁၇၀)ဦးနှင့် ဆရာ/ဆရာမများ အတွက် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများကိုလည်းကောင်း၊ Positive လူနာ (၅၇)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝိ/- နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၇၁ဝဝဝဝိ/- ကို လည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ငွေကျပ်သိန်း(၂၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲ စသည့် အခြေခံစားသောက်ကုန်များကိုလည်းကောင်း အသီးသီး ထောက်ပံ့ ပေးအပ်ရာ ဂေဟာမှတာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လိုအပ်သော နေရာ များသို့ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တောင်ကြီးသား