ဝေါ စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဝေါမြို့၊ မြို့တော်ခန်းမတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်းအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေး အားပေးကာ လိုအပ်သည်များကို ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝေါမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဝေါမြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာလ(၁၁)ရက်နေ့မှ စတင်ကာ စက်တင်ဘာ (၁၂)ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ(၄၈၈)ဦးကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)