ပင်လောင်းမြို့နယ်အတွင်းရှိစာသင်တိုက်နှင့်ကျောင်းတိုက်များရှိသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test kit ဖြင့် စစ်ဆေးပေး

ပင်လောင်း   စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်မြို့မစာသင်တိုက်နှင့် တီကျစ်မြို့မ စာသင်တိုက်ကျောင်းခွဲ(ရတနာရွှေဂူဘုရားကြီး )ကျောင်းတိုက်ရှိသံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိဆက်လက် စစ်ဆေး ပေးလျက်ရှိသည်။

တီကျစ်မြို့မစာသင်တိုက်နှင့် ရတနာရွှေဂူစာသင်တိုက်ရှိ သံဃာတော် (၂၅)ပါး၊ သာမဏေ (၅၅)ပါး စုစုပေါင်း (၈၀)ပါးကို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိမရှိ RDT Test kit ဖြင့် စစ်ဆေးခဲ့သည်။ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို နောင်တရား မြို့အုပ်ချုပ်ရေးမှူး၊ တီကျစ် တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို သွားရောက်ဆောင်ရွက်ခဲ့သည်။ သံဃာတော်နှင့်သာမဏေများကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးရာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိသည်။ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်ရန်အတွက် နောင်တရားမြို့ အာလူအသင်းအဖွဲ့မှ Test kit များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ယမန်နေ့ကလည်း နောင်တရားပရိယတ္တိ စာသင်တိုက်မှ သံဃာတော်နှင့်သာမဏေ (၁၃၄)ပါး၊ ဆည်ခေါင်း ဘုန်းကြီးကျောင်းမှသံဃာတော်(၂၅)ပါးတို့ကိုလည်းကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ရာ ရောဂါပိုး မတွေ့ရှိခဲ့ ကြောင် သိရှိရသည်။

ထွန်းလင်း(ပင်လောင်း)