မြိတ်တက္ကသိုလ်တွင် ၂ဝ၂၅-၂၀၁၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် ဆွေးနွေးပွဲ ကျင်းပ

မြိတ်    အောက်တိုဘာ   ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အခြေခံပညာအထက်တန်းအဆင့် ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်သင် ဆရာ/မများအနေဖြင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရန်နှင့် ဆရာ/မ များ၏ သင်ကြားမှု အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံး ချသင်ကြားနိုင်ရေး အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေး နွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမ တွင်ကျင်းပသည်။

ဆွေးနွေးပွဲကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး မြိတ်တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိ က သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး ဆွေးနွေးပွဲနှင့် ပတ်သက်သည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြိတ်ခရိုင်ပညာရေးမှူး ဦးသန်းထိုက် က ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲကို စတင်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်း မြို့နယ်များမှ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်သင် ဆရာ/မ စုစုပေါင်း (၂၆၄)ဦး တက်ရောက်ခဲ့ကြပြီး မြိတ်တက္ကသိုလ်မှ ဆရာကြီး/ ဆရာမကြီး(၁၇)ဦးမှ အောက်တိုဘာ(၁၈)ရက်နှင့် (၁၉)ရက်တို့တွင် ဘာသာရပ် အလိုက်  ဆွေးနွေးပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )