ဟားခါး အောက်တိုဘာ ၁၉
စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို အောက်တိုဘ ာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ ကော်မတီတွင်ပါဝင်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အတွေ့အကြုံရှိကြပြီးသားဖြစ်သည့်အတွက် စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အေးချမ်းသာယာစွာဖြင့် ကျင်းပနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်းနှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းအကြုံပြု ဆွေးနွေး တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းကော်မတီများဖြစ်ကြသည့် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ပင့်ဆောင်ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၊ လှူဖွယ်ပစ္စည်း များစီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ၊ ဆွမ်းချက်ပြုတ်ရေးနှင့်ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီနှင့် စာရင်းစစ်ဆေးရေးလုပ်ငန်းကော်မတီတို့မှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို Porwer Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)