မြစ်ကြီးနား အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်း၊ စာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရာတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ပုံပြင်ပြော ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၀) ဦးတို့ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲ တွင် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၅)ဦးတို့က လည်းကောင်း၊ ကျပန်းစကားပြော ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်း သား/ကျောင်းသူ (၁၅) ဦးတို့က လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)