ခရမ်းမြို့နယ် ဉာဏ်ကျွန်း-အောင်သာယာတဲတန်း-ကန်ညီနောင် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်း

ခရမ်း  အောက်တိုဘာ ၂၀  

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဉာဏ်ကျွန်း-အောင်သာယာတဲတန်း-ကန်ညီနောင် ဆက်သွယ်ရေးလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အဆိုပါလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာသုံးရွာ၊ အိမ်ခြေ ၅၉၅အိမ်၊ လူဦးရေ ၃၇၂၇ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန်ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)