Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပလက်ဝမြို့နယ်ရှိ ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနှင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ကိုတော်များအား လှူဖွယ် ပစ္စည်းများထောက်ပံ့လှူဒါန်း
Sep 12,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်တွင် သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာတော်များအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့မဝိသုဒ္ဒါ ရုံ ကျောင်းတိုက်၌ ပလက်ဝမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၄၆)ကျောင်း၊ သံဃာအပါး(၆၉) ပါးနှင့် သီလရှင် (၁) ပါး၊ ပေါင်း(၇၀)ပါးအား တစ်ပါးလျှင် ဆွမ်းဆန်စိမ်း(၅)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သားနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်သုံးပစ္စည်း များနှင့်အလှူ ငွေ(၁၈၀၀၀)ကျပ်နှုန်းဖြင့် လှူဒါန်းငွေစုစုပေါင်း(၁၂၆၀၀၀၀)ကျပ်တိတိ ကို ရှေးတန်းအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်မှတပ်မမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်တို့မှ လှူဒါန်းမှုပြု၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်
Sep 12,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်လျင်မြန်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Sep 12,2021
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေ များပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျေးရွာ များအတွင်း ဝင်ရောက်
Sep 12,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာ လ ၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့တွင် ဖလုံဘူတာကျေးရွာအုပ်စုရှိ မာဂရီတောင်ကျချောင်းရေများ ကျေးရွာများအတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် အသိပညာပေး လုပ်ငန်းများ လိုက်လံနှိုးဆော်
Sep 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး နှိုးဆော်မှုများအား ယနေ့ နံနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရေတို/ ရေရှည် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 12,2021
ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေး ပြည်နယ်ဘဏ္ဍာ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် စကုမြို့ပြည်သူ့ဆေးရုံအတွက် အသက်ရှူစက်နှင့် အမြင့်တင်ရေစင်တည်ဆောက်ရန် အလှူငွေများလှူဒါန်း
Sep 12,2021
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်မိသားစုမှ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ပြည်သူ့ဆေးရုံးအတွက် အသက်ရှူစက်နှင့် အမြင့်တင်ရေစင်တည်ဆောက်နိုင်ရန် အလှူငွေ များကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ဆေးရုံခန်းမှ၌ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ မြေလတ်ပွဲရုံတွင် ဝါစေ့ခွဲခြမ်းများ စုပုံထားရာဝါဂိုဒေါင်အတွင်း မီးလောင်မှုဖြစ်ပွား
Sep 12,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ရွာထောင်ရပ်ကွက် ပြည်လမ်း၊ မြေလတ်ပွဲရုံတွင် ယနေ့နံနက် ၁ နာရီခွဲအချိန်ခန့်က ဝါစေ့ခြမ်းများစုပုံထားရာဝါဂိုဒေါင်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25588
Page
25589
Page
25590
Page
25591
Current page
25592
Page
25593
Page
25594
Page
25595
Page
25596
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department