မိုးမောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်

မိုးမောက်  ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်ပွဲ ကျင်းပရာ ဗန်းမော်ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးထွေးမြင့် (ခရိုင် အုပ်ချုပ် ရေးမှူး)က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ဗန်းမော်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  ခရိုင်မှူး ဦးမြင့်ဌေးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားရာ “ဗန်းမော်ခရိုင်အတွင်း ယခုကဲ့သို့သော သင်တန်း(၈) ကြိမ် ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ ကာကွယ်ရေးနည်းလမ်းများ မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးနောက် ဆောင်ရွက်ပုံအဆင့်ဆင့်ကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် မိမိရပ်ရွာတို့ ရောက်ရှိပါ က ပြန်လည်ဝေမျှပေးနိုင်ရန် တို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို ရပ်ကွက်/ကျေးရွာ စာရေးများ (၃၀)ဦး တက်ရောက်ပြီး (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း (၅)ဦးတို့က နည်းပြအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လွန်းနန်းထွေး