အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
ရခိုင်ပြည်နယ်‌၊ မြောက်ဦးခရိုင် ၊ မင်းပြားမြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာရေးခက်ခဲမှုဖြင့် သီလဆောက်တည် နေကြသည့် သီလရှင်များ ဆွမ်း ဝေယျာဝိစ္စအဆင်ပြေစေရန်အတွက် မင်းပြားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၇ နာရီအချိန်က ရိပ်သာသီလရှင် ကျောင်းတိုက်၌ ဆက်လက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၆) နေရာခွဲ၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Sep 12,2021
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 12,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေပညာအထက်တန်းကျောင်း၌ ဒုတိယအကြိမ် ကိုဗစ-၁၉ ရောဂါကာကွယ်ဆေး(၇၆၂)ဦး ထိုးနှံပြီး ဖြစ်သည်။ 
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ သီပေါမြို့တွင် ယမန်နေ့ နံနက်ပိုင်းက သီပေါမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာန၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီအဖွဲ့သို့ ကာကွယ်ရေးသုံး ပစ္စည်းများပေးအပ်လှူဒါန်းကြောင်း သိရသည်။
Sep 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ သည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကို ကရင်၊  မြန်မာဘာသာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။    
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၇)ဦး အား ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။