ရှမ်းပြည်နယ်အစိုးအဖွဲ့မှသီပေါမြို့နယ်အတွက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်း

 

သီပေါ  စက်တင်ဘာ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ သီပေါမြို့တွင် ယမန်နေ့ နံနက်ပိုင်းက သီပေါမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာန၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီအဖွဲ့သို့ ကာကွယ်ရေးသုံး ပစ္စည်းများပေးအပ်လှူဒါန်းကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် mask ခုရေ (၁)သောင်း၊ Surgical grown(၂၀၀) Surgical cap(၂၀၀)၊Handgel(၅၀) ထောက်ပံ့ငွေကျပ် (၁၀) သိန်း တို့ကို ပေးအပ်လှူဒါန်းပေးရာ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်၊ ကုသရေးကော် မတီအဖွဲ့များမှ လက်ခံရယူကြောင်း သိရသည်။

 အင်းသားလေး(တောင်ကြီး)