ပိုင်ကျုံ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေပညာအထက်တန်းကျောင်း၌ ဒုတိယအကြိမ် ကိုဗစ-၁၉ ရောဂါကာကွယ်ဆေး(၇၆၂)ဦး ထိုးနှံပြီး ဖြစ်သည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့် ပရဟိတအဖွဲများကို ပထမအကြိမ်၌ ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိပြီး လူဦး ရေ()ဦး ထိုးနှံပေးနိုင်ခဲ့ပါသည်။ စက်တင်ဘာလ၁၊၂၊၅၊၁၀၊၁၁၊ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သူများ ဒုတိယအကြိမ်ပြန်လည်ထိုးနှံပေးလျက်ရှိပြီး စက်တင်ဘာလ(၁၁)နေ့ထိ(၇၀၈)ဦးကို ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ခဲ့သည်။ ကျန်းမာရေးအခြေအနေကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို လှိုင်းဘွဲမြို့နယ်ပြည်သူ့ ဆေးရုံးတွင် စက်တင်ဘာလ ၂၈နေ့တွင် ကာကွယ်ဆေးပြန်လည်ထိုးပေးမည်ဖြစ်ပါသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)