အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် စက်တင်ဘာ ၁၂ ရက် ၊ ယနေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက် ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်‌ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၆)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ယနေ့နံနက်(၉) နာရီ ခွဲအချိန်ခန့်က အနံ့ပျောက်၊ ပိုးတွေ့လူနာထိစပ်ထားသူ (၈) ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT (Rapid Test Kit) ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီး (၅) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက သိရသည်။
Sep 12,2021
ကျောက်မဲမြို့နယ်တွင် ယမန်နေ့က စစ်ဆေးချက်များအရ မန်ခါတိုက်ပွဲရှောင် စခန်းမှပြည်သူ  ၅၄ဦး အပါအဝင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၈၈ ဦး  ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် စက်တင်ဘာ ၁၂ ရက် ၊ ယနေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက် ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက် ရှိကာကွယ်ဆေး ထိုးရန်စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
Sep 12,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအသိ ပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းများကို မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ မွန်းလွဲပိုင်းတွင် လူစည်း ကားရာ နေများနှင့် လမ်းသွားလမ်းလာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက် အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
Sep 12,2021
ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းအထိ FQCများတွင် ထားရှိသောသူများ၊ နှာခေါင်းအနံ မရသူများ၊ နေမကောင်းသူများ၊ ပြင်ပမှ သေဆုံး၍ စစ်ဆေးသူများအား COVID-19 Antigen (RTD) Test ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာသစ်  (၅)ဦး တွေ့ရှိခဲ့ပြီး အတည်ပြုလူနာ (၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။