လှည်းကူး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

လှည်းကူး စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့သူများကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အ-ထ-က(လှည်းကူး)တွင် သတ်မှတ် ပေးထားသည့် နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို သတ်မှတ်နေရာ များသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေး ခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ယနေ့တွင် ပထမအကြိမ်ထိုးနှံခဲ့သည့် နိုင့်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း (၄၆၈)ဦးတို့ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော် (ပြန်/ဆက်)