အင်တောမြို့နယ်ရုံးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

အင်တော အောက်တိုဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အထက် တန်းကျောင်း (အင်တော)၊ တကောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ဇင်ငြိမ်းက လူငယ်နှင့်မူးယစ်ဆေးဝါးစသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အင်တော(ပြန်/ဆက်)