မိုင်းတုံမြို့၌ လယ်စပါးစံကွက် ရိတ်သိမ်း

မိုင်းတုံ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်တုံအုပ်စုရှိ ကွင်းအမှတ် (၁)၊ ဦးပိုင် (၇၂) တောင်သူ ဦးစိုင်းမတ်၏လယ်တွင်  မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊‌ ခရိုင်‌လယ်ယာ‌မြေစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးအေးဇင်သိန်း၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိ ဦး‌အောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းးမှု‌ကော်မတီများနှင့် ကျေးရွာ ကော်မတီများမှ ကြည့်ရူ့အား‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လယ်စပါးစံကွက်ရိတ်သိမ်းခြင်းအား စားနပ်ရိက္ခာဒေသဝမ်းစာဖူလုံရေး၊ တောင်သူများမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊  မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများဝင်ငွေ တိုးပွားစေရေး၊  လယ်ယာထွက်ကုန်များ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့်  မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ကိုယ်တိုင်ဝင်ရောက်ရိတ်သိမ်းရာ ကျေးရွာနေလယ်သမားများ၏‌ရှေ့တွင် လယ်စပါး (၁) ဧက ရိတ်သိမ်းခဲ့ရာ အစိုထွက် (၁၃၈) တင်းရရှိပြီး၊ အ‌ခြေက်ထွက်  (၁၁၉) တင်းရရှိ၍ ထွက်နှုန်းအသင့်သားရှိသော မျိုးစပါးဖြစ်သည်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဤမျိုးစပါးသည် မြို့နယ်စိုက်ပျိုးရေး ရုံးမှ စီစဉ်ဆောင်ရွက်ပေးသော ဆင်းဧကရီ(၃) မျိုးစပါးဖြစ်ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)