လမ်းမတော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စာပေဟောပြောပွဲကျင်းပ

လမ်းမတော် အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ စာပေဟောပြောပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် (၁၀)နာရီက မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စာရေးဆရာ မောင်ရိုး (ငဖဲမြေ)မှ အာစရိယဆရာ/ဆရာမတို့၏ ကျေးဇူးဂုဏ်ရည်ကြီးမားခြင်းအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍စာရေးဆရာ မောင်ရိုး (ငဖဲမြေ) မှကိုယ်တိုင်ရေးသားခဲ့သည့် လွမ်းရတမ်းတပါ့ငဖဲမြေ စာအုပ်၏ စာအုပ်ပါဆောင်းပါအကြောင်းမျှဝေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများမှ ဆောင်းပါးအကြောင်း ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍စာရေးဆရာ မောင်ရိုး (ငဖဲမြေ) မှ အ-ထ-က(၂)လမ်းမတော် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်