လှိုင်းဘွဲ - ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် World Vision အဖွဲ့တို့ ပူးပေါင်း၍ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မာရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရွေဂွန်းကျေးရွာ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်းထမ်းများနှင့် World Vision အဖွဲ့တို့သည် ပဲမျိုးကောင်း မျိုး သန့် ရွေးချယ်စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းမျိုးများ စိုက်ပျိုးရန်၊ရေသွင်း /ရေထုတ်ကောင်းမွန်ပြီး မြေဩဇာထက်သန်သော မြေတွင်းစိုက်ပျိုးရန်၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မျိုးကို ရွေးချယ်စိုက်ပျိုးခြင်း၊ မြေဩဇာကို အချိုးကျစိုက်ပျိုးနိုင်ရေးဆိုင်ရာ တောင်သူ များအား အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)