ကွန်ဟိန်းမြို့၊ မြို့မစျေးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်း ဆောင်ရွက်

ကွန်ဟိန်း ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြို့မစျေးရှေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်စည်ပင်သာယာ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းအား ယနေ့နံနက် (၁၁) နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးမျိုးအောင်သူ က မီးဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မီးသတ် ဆေးဗူးအသုံးပြု၍ မီးလောင်မှုအမျိုးမျိုးအတွက် မီးသတ်ဆေးဗူးဖြင့် အလွယ်တကူမီးငြှိမ်းသတ်နည်းနှင့် မီးငြှိမ်း သတ်ပုံအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကျရောက်ပါက ပြည်သူများကိုယ်တိုင် မီးငြှိမ်းသတ်မှုလုပ်ငန်းများတွင် ဆောင်ရွက်နိုင်စေရန် အစမ်းလေ့ကျင့်မှုများဆောင်ရွက်ခဲ့သည်။ ယင်းနောက် မီးသတ်ကားဖြင့် မီးငြှိမ်းသတ်ပုံများအား လက်တွေ့သရုပ်ပြလုပ်ဆောင်ခဲ့ကြပြီး စျေးအတွင်း လျှပ်စစ်ဝါယာကြိုးများ၊ သတိပေးခလုတ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ပြည့်(ပြန်/ဆက်)