အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ပေါက်မြိုင်ကျေးရွာနှင့် ကင်းစိန်စျေးကျေးရွာ တို့တွင်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ တိကျစွာ လိုက်နာ ဆောင်ရွက်စေရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား အသိပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်(၈)နာရီက Hand Spaker ဖြင့်လှည့် လည် အသိပေး ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Sep 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၄) ရပ်ကွက်မှ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွား (၂၈၃) ဦးအား ယမန်နေ့မှစတင်ကာ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာတွင် ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း(နမ့်လန်)နှင့် စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အခြေခံ စားသောက်ကုန် ပစ္စည်း(၈)မျိုးကို ကိုဗစ်-၁၉ကာလအခက်အခဲရှိသောရပ်ကွက်၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများနှင့် တိုက်ပွဲရှောင်ပြည်သူများသို့ အဆိုပါအသင်းမှ ဆက်လက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
Sep 16,2021
ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်  အများပြည်သူသိရှိလိုက်နာ ရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကိုဗစ် ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသော ဆီးချိုရောဂါအခံရှိသူ ဦးအောင်ငွေ၏ ရင်တွင်းစကားသံကို ယခုလိုပဲဖော်ပြပေးလိုက်ရပါသည်။
Sep 16,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက် ၅၅ နှစ် မှ ၆၄ နှစ်ထိ ပြည်သူ့များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အနင်းတိုက်နယ် ဆေးရုံတွင် ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီက စတင်ထိုးနှံ ပေးလျက်ရှိသည်။
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်ကျောင်းသို့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆန်၊ ဆီ၊ ဆားအစ ရှိသည့် လှူဖွယ်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်‌အတွင်းရှိ ဆန်စက်၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံအလုပ်သမားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံမှုအား ယနေ့၊ စက်တင်ဘာလ ၁၆ရက်နေ့၊ နံနက် ၉ နာရီက ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။