အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တတိယအသုတ်အနေဖြင့် အသက်(၅၅)နှစ်အထက်ရှိသူများ၊ ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ် (၉)နေရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၉၇၄)လုံးရရှိပြီး တစ်လုံးလျှင်(၅)ဦးနှုန်းဖြင့် လူဦးရေ (၄၈၇၀)ဦးအတွက် ပထမနေ့အဖြစ် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် သံဃာတော်များ၊ အသက်(၆၅)နှစ် အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေသူများအား ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ရွှေဂွန်းတိုက်နယ်ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ယနေ့ နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာ နှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Sep 16,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ်ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ကာ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်ခန်းမ၊ ဆတ်သွား(အ.ထ.က)၊ ပရပ်ကြယ် (အ.ထ.က)၊ ကုက္ကိုကုန်း တိုက်နယ်‌‌ဆေးရုံ၊ ကိုးပင်တိုက်နယ်‌ဆေးရုံတို့တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Sep 16,2021
 ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့တွင်ကိုဗစ်- ၁၉ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်)ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့ အထကကျောင်း၌ ယနေ့ နံနက်၉နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
Sep 16,2021
ဘုတ်ပြင်းမြို့နယ် အတွင်းရပ်ကွက်/ကျေးရွာများတွင်နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု သံသယရှိသူများအား ယမန်နေ့က စစ်ဆေးခဲ့ရာ  ကိုဗစ်- ၁၉ ပိုးတွေ့လူနာသစ် ၁၀ ဦးစစ်ဆေးတွေ့ ရှိခဲ့ကြောင်းသိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းအား ယနေ့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။