ချောက် အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ် ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က(၁)ကျောင်း မြရိပ်ညိုခန်းမ ၌ ကျင်းပခဲ့သည်။
ဦးစွာလူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာ ရေးမှူးဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဦးစီးအရာရှိဒေါ်သိမ့်ဝါက “လူငယ်နှင့်စာရိတ္တမဏ္ဍိုင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးကစားသုံးရန်မသင့်သော အစားအစားများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးစောမြ ဖောင်းကသဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးလှိုင်ဝင်းအောင်က မီးခိုးမြူငွေ့ကင်းစင်ရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူးဦးဇော်လင်းအောင်ကလူငယ်နှင့် အားကစားအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အားကစားမှူး ဦးဇော်လင်းအောင်က အ.ထ.က(၁)ကျောင်းအတွက် အားကစားပစ္စည်းပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးဦးခင်မောင်လွင် ကလက်ခံရယူခဲ့ပြီး အ. ထ.က(၁)ကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးခင်မောင်လွင် ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက်ဟောပြောပွဲအပြီးတွင် ဌာနဆိုက်ရာများက မိမိတို့ သက်ဆိုင်ရာဌာနအလိုက် ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ် ဆရာကြီးနှင့်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)