ညောင်လေးပင်မြို့၌ မကူးစက်နိုင်သောရောဂါများ (နှလုံး၊ ဆီးချို၊ သွေးတိုး၊ နာတာရှည်အဆုတ်) ရောဂါနှင့်ပတ်သက်သည့် NCD clinic လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ညောင်လေးပင် အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ကာကွယ်ဆေးထိုးလုပ်ငန်းများလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန်နှင့် မကူးစက်နှင့် ကူးစက်တတ်သောရောဂါများဖြစ်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ညောင်လေးပင်မြို့ ဝါးရုံကုန်းကျေးရွာအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောကလျာ၏ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ညောင်လေးပင်မြို့ ဝါးရုံကုန်းကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားရောက်၍ မကူးစက်နိုင်သောရောဂါများဖြစ်သော (နှလုံး၊ ဆီးချို၊ သွေးတိုး၊ နာတာရှည်အဆုတ်) ရောဂါနှင့်ပတ်သက်သည့် NCD clinic လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအား ကြီးကြပ်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် လူနာများအား ကြည့်ရှုစောင့်ရှောက်ပေးခြင်း၊ ငှက်ဖျားသွေးဖောက်စစ်ဆေးလူနာရှာဖွေခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)